Hataraku Maou-sama (Devil is a part-timer)

ဒီ anime ကတော့ ခေါင်းစဉ်အတိုင်းပဲ Demon king က လူ့လောကကို ရောက်လာပြီး အလုပ် လုပ်ရတဲ့ အကြောင်းပေါ့။ xD

 Ente Isla လို့ခေါ်တဲ့ မှော်ပညာတွေ ထွန်းကားတဲ့ လောကမှာ Demon တွေရဲ့ ဘုရင်ဖြစ်တဲ့ Satan နဲ့ လူသားတွေ စစ်ဖြစ်ပြီး နောက်မှာ Satan ဟာ စစ်ရှုံးခါနီး အခြေအနေကို ရောက်ခဲ့ပါတယ်။ အဲ့ဒါနဲ့ Satan ဟာ သူ့ရဲ့ အားအကိုးရဆုံး စစ်သူကြီး တစ်ဦး ဖြစ်တဲ့ Alsiel နဲ့ အတူ တစ်နေရာကို teleport လုပ်လိုက်ရာက ကမ္ဘာရဲ့ တစ်နေရာဖြစ်တဲ့ ဂျပန်ကို ရောက်သွားပါတယ်။ အဲ့မှာ မှော်ပညာတွေ မရှိတဲ့အတွက် သူတို့ရဲ့ အစွမ်းတွေကိုလဲ သုံးလို့ မရတော့တဲ့ အတွက် Ente Isla ကို ပြန်သွားဖို့ နည်းလမ်းရှာရင်း ဒုက္ခတွေ တွေ့ကြုံရတာတွေကို ပြထားတဲ့ anime လဲ ဖြစ်ပါတယ်။

 Satan က သူ့နာမည်ကို Maou Sadao ဆိုပြီးပြောင်းလိုက်ပြီး MgRonalds ဆိုတဲ့ ဘာဂါဆိုင်မှာ အလုပ်လုပ်ရပါတယ်။ Alsiel ကတော့ Ashiya Shirou ဆိုတဲ့ နာမည်နဲ့ Maou နဲ့ အတူပဲ နေထိုင်ပါတယ်။ နောက်တော့  Ente Isla မှာ လူသားတွေကို ခေါင်းဆောင်ပြီး သူတို့နဲ့ တိုက်ခဲ့တဲ့ Hero ကလဲ ကမ္ဘာပေါ်ရောက်နေတာ သိသွားပါတယ်။ အဲ့နောက်မှာတော့ (ကိုယ့်ဟာကိုယ် ဆက်ကြည့်ပေါ့နော် :P)

ဒီ anime လေးက 13 ပိုင်းပဲ ရှိပါတယ်။ comedy အမျိုးအစားလဲ ဖြစ်ပြီး ကြည့်လို့ကောင်းပါတယ်။ comedy ကြောင့်လဲ ဇာတ်လမ်းက ပေါ့ပျက်ပျက်ကြီးဖြစ်မသွားပဲ စွဲဆောင်မှု ရှိတဲ့ anime လို့ ဆိုရင်လဲ မမှားပါဘူး။ နောက်ပြီး animation က ကောင်းတဲ့ အပြင် character တွေကလဲ unique ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်သင့်တဲ့ anime လို့ ဆိုနိုင်ပါတယ်။ (ကြည့်ပြီးရင်တော့ season 2 ကို မျှော်နေမှာ သေချာပါတယ်။ :D)

Comments

Popular posts from this blog

Lookism