Kuroko no Basket

Genre - Sports, Shounen, Comedy, School
Episodes - 75 (3 Seasons)

Kuroko no Basket manga ကို Tadatoshi Fujimaki က ရေးသားခဲ့ပြီး 2008 ကနေ 2014 အထိ အပတ်စဉ် Shounen Jump မဂ္ဂဇင်းမှာ ပါဝင်ခဲ့ပါတယ်။ 2012 မှာ anime အနေနဲ့ စတင်ထွက်ရှိခဲ့ပါတယ်။ Manga မှာ ပါတဲ့ Kuroko's Basketball: Extra Game ဆိုတဲ့ အပိုင်းကိုတော့ 2017 မှာ movie အနေနဲ့ ပြမယ်လို့ ဆိုပါတယ်။

Teikou အလယ်တန်းကျောင်းဟာ basketball မှာ နာမည်ကြီးခဲ့ပြီးတော့ အဲ့အသင်းက အမြဲကစားတဲ့ ကျောင်းသားတွေကို "Generation of Miracles" လို့တောင် တင်စားပြီးခေါ်ကြပါတယ်။ အဲ့ကျောင်းသားတွေက အလယ်တန်းပြီးတော့ အထက်တန်းကျောင်းအသီးကို သွားကြပါတယ်။ ဒါပေမယ့် "Generation of Miracles" ထဲမှာ လူမသိသူမသိ ကစားသမားတစ်ဦးရှိနေခဲ့ပါတယ်။ အဲ့ကျောင်းသားကတော့ Kuroko ဖြစ်ပြီး သူဟာ Seirin အထက်တန်းကျောင်းကို ပြောင်းခဲ့ပါတယ်။ အဲ့ကျောင်းမှာ Kuroko ဟာ basketball မှာ ပါရမီပါတယ်လို့ဆိုနိုင်တဲ့ Kagami Taiga နဲ့တွေ့ခဲ့ပြီးတော့ သူတို့နှစ်ဦးနဲ့ အခြား Seirin က အဖွဲ့ဝင်တွေဟာ တစ်နိုင်ငံလုံးအထက်တန်းအဆင့်ပထမဆိုတာကို ရဖို့အတွက် ကျိုးစားကြပါတယ်။
Kuroko no Basket က အဓိကကတော့ Seirin ကျောင်းက champion ဖြစ်သွားပုံကို ပြထားတာပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှ ထွက်တဲ့ anime ဖြစ်တဲ့အတွက် animation က ပြောစရာမလိုပါဘူး။ Storyline ကတော့ ပြောရရင် season 1 က အကောင်းဆုံးဖြစ်ပါတယ်၊ season 2 က မဆိုးဘူးလို့ ဆိုနိုင်ပြီး season 3 ကတော့ အညံ့ဆုံးပါပဲ။ ဇာတ်အိမ်က စိတ်ဝင်စားစရာဖြစ်ပေမယ့် ဇာတ်လမ်းကို မရှည်သင့်ပဲရှည်အောင် ဆွဲလွန်းတယ်လို့ ထင်မိပါတယ်။ အထူးသဖြင့် ကစားပွဲတစ်ခုကို episode တွေ အရှည်ကြီးဆွဲပြီး ပြတတ်တာဟာ မကောင်းဘူးလို့ မြင်ပါတယ်။
ကျွန်တော့်အမြင်အရ basketball anime ထဲမှာတော့ Slam Dunk ပြီးရင် အကောင်းဆုံး anime လို့ ဆိုနိုင်ပြီး ကြည့်သင့်တဲ့ anime လို့ပဲ ဆိုရမှာပါ။

Comments

Popular posts from this blog

Lookism