Anime အမျိုးအစားများ (၅)

၃၃။ Shounen-ai


Shounen-ai ဆိုတာကတော့ boys love လို့ အဓိပ္ပာယ်ရပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီအမျိုးအစားထဲက ချစ်ခန်း၊ကြိုက်ခန်းတွေက Yaoi genre ထက် ပိုပျော့တာတွေ့ရမှာပါ။
ဥပမာ - Hybrid Child ၊ Gakuen Heaven

၃၄။ Slice of Life


ဒါကတော့ ရိုးရိုးသာမန်ဘဝအကြောင်းကိုပဲ ဟာသလေးဖြစ်ဖြစ်၊ ဇာတ်အိမ်ကောင်းကောင်းလေးဖြစ်ဖြစ်နှောပြီး ပြသသွားတတ်တဲ့ genre ပါ။ ဒီမှာ ထူးထူးချားခြား၊ ဆန်းဆန်းပြားပြားတွေတော့ ပါမှာမဟုတ်ပါဘူး။
ဥပမာ - K-On! ၊ Hyouka ၊ Barakamon


၃၅။ Space


ဒါက genre လို့ပြောရမှာထက်စာရင် setting အနေနဲ့လို့ပဲဆိုနိုင်ပေမယ့် ဒီ အာကာသတွေဘာတွေအကြောင်းရိုက်တာတွေများလာတဲ့အတွက် genre တစ်ခုအနေနဲ့ ဖြစ်တည်လာတာပါ။  ဒီ genre က mecha တို့၊ sci-fi တို့နဲ့တွဲတတ်ပါတယ်။
ဥပမာ - Terra Formars ၊ Space Dandy

၃၆။ Sports


ဒါကတော့ ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ အားကစားတွေအကြောင်းရိုက်ထားတဲ့ anime ပါ။ အဓိကအားဖြင့်တော့  ဘတ်စကတ်ဘော၊ တင်းနစ်၊ ဘေ့(စ်)ဘော၊ ဘောလုံးစတဲ့ဟာတွေကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း အဲ့လို genre တွေထဲမှာ သင်မမျှော်လင့်ထားတဲ့ အားကစားတွေလည်း ပါလာတတ်ပါတယ်။
Sports anime အချို့
- Slam Dunk
- Ookiku Furikabutte (Big Windup!)
- Baby Steps

၃၇။ Supernatural


ထူးထူးခြားခြားဖြစ်စဉ်တွေနဲ့ပတ်သတ်တဲ့ anime တွေဆိုရင်တော့ ဒီအမျိုးအစားထဲကိုထည့်ပါတယ်။ လက်တွေ့မဆန်တဲ့အရာတွေပါတဲ့ anime တွေအတော်များများကို ဒီ genre ထဲထည့်နိုင်ပါတယ်။
သာဓက- Natsume Yuujinchou ၊ Noragami

၃၈။ Tragedy


ဒါကတော့ ဝမ်းနည်းစရာအဖြစ်အပျက်တွေ၊ ဖြစ်စဉ်တွေပါဝင်တဲ့ anime တွေပါပဲ။ ဘေးအန္တရာယ်တွေ၊ ဒုက္ခရောက်တာတွေ၊ မတော်တဆဖြစ်မှု၊ ကံဆိုးမိုးမှောင်ကျမှု စသဖြင့် အများကြီးတွေ့နိုင်ပါတယ်။ Tragedy anime အချို့ကတော့
- Grave of the Fireflies(Movie)
- Clannad
- Anohana တို့ ဖြစ်ပါတယ်။


၃၉။ Vampire


Vampire တွေက ဝတ္ထုတွေထဲမှာ၊ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေထဲမှာ နာမည်ကြီးတဲ့အတွက် anime ထဲမှာလည်း genre တစ်မျိုးအနေနဲ့ပါဝင်လာတာတော့ မဆန်းပါဘူး။ Vampire ဆိုလို့ horror genre ဖြစ်မယ်လို့တော့ တထစ်ချမတွက်လိုက်ပါနဲ့။ ဒီအမျိုးအစားက romance တွေ၊ comedy တွေ၊ drama အမျိုးအစားတွေနဲ့လည်းတွဲတတ်ပါတယ်။
ဥပမာ အချို့
- Vampire Knights
- Rosario to Vampire


၄၀။ Yaoi


ဒါကတော့ သာမန် shounen-ai ထက် အဆင့်တစ်ဆင့်ပိုတက်သွားတဲ့ genre လို့ဆိုနိုင်ပါတယ်။

၄၁။ Yuri


ထိုနည်းလည်းကောင်းပါပဲ၊ shoujo-ai ထက် တစ်ဆင့်ပိုမြင့်သွားတယ်လို့ဆိုနိုင်တဲ့ အမျိုးအစားပါ။

*S~L*

Comments

Popular posts from this blog

Lookism