Noblesse



ဒါက ကိုရီးယား manhua ဖြစ်ပြီး ဇာတ်လမ်းဇာတ်ညွှန်းကို Son Jeho က ရေးပြီး ပုံတွေကိုတော့ Lee Kwangsu က ဆွဲတာဖြစ်ပါတယ်။ 2007 တုန်းက Naver ဆိုတဲ့ ကိုရီးယား web-portal မှာ စတင်ခဲ့ပြီး အခုထက်ထိဆက်ထွက်နေတုန်းပါပဲ။ 2014 July မှာတော့ LINE Webtoon မှာ English version အနေနဲ့ထွက်ခဲ့ပြီး 2014-15 မှာ OVA နှစ်ပိုင်းထွက်ခဲ့ပါတယ်။


Noblesse ဆိုတာ ပြင်သစ်စကားလုံးဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ Noble(မင်းဆွေမင်းမျိုး၊ မြင့်မြတ်တဲ့အမျိုးအနွယ်) လို့ဆိုလိုပါတယ်။ ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Cadis Etrama Di Raizel (သို့) Rai ဟာ noble ဖြစ်ပြီး နှစ်ပေါင်း ၈၂၀ ကြာအောင် အိပ်ပျော်နေခဲ့ပါတယ်။ သူပြန်ထလာတဲ့အချိန်မှာတော့ သူက တောင်ကိုရီးယားတစ်နေရာရဲ့ တိုက်တစ်တိုက်ထဲမှာ ရောက်နေခဲ့တယ်။ Rai က တိုက်ပေါ်ကကြည့်လိုက်တဲ့အချိန်မှာ လမ်းကဖြတ်သွားတဲ့ကျောင်းသားတွေကိုတွေ့လိုက်တယ်။ ဒါနဲ့ Rai ဟာ အဲ့ကျောင်းဝတ်စုံပုံစံပြောင်းလိုက်ပြီး လမ်းလျှောက်ရင်းလျှောက်ရင်းနဲ့ ကျောင်းကိုရောက်သွားပါရော။ ဖြစ်ချင်တော့ အဲ့ကျောင်းရဲ့ကျောင်းအုပ်က ဟိုးအရင်တုန်းကတည်း Rai ရဲ့ သစ္စာရှိလူယုံ Frankenstein ဖြစ်နေပါသတဲ့။ Frankenstein ရဲ့အကူအညီနဲ့ Rai က အဲ့ကျောင်းရဲ့ တရားဝင်ကျောင်းသားဖြစ်လာခဲ့ပြီး သူငယ်ချင်းတွေပါ ရလာခဲ့ပါတယ်။
နောက်ပိုင်းမှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက အဲ့ကျောင်းက ကျောင်းသားတွေကို အန္တရာယ်ပြုဖို့လုပ်လာခဲ့တဲ့အချိန်မှာတော့.......

ဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ manhua ပါ။ OVA နှစ်ပိုင်းကိုကြည့်ပြီးရင်တောင်မှ manhua ကို ဆက်ဖတ်သင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။

Comments

Popular posts from this blog

Lookism