The Gamer (Manhua)



ဘဝကြီးက ဂိမ်းတစ်ခုလိုဖြစ်နေရင် မကောင်းဘူးလား? လူတွေရဲ့ခေါင်းပေါ်မှာ level တွေရှိနေပြီး လက်တွေ့ဘဝကြီးမှာ Exp တင်ချင်တိုင်းတင်ပြီး lvl တက်အောင်လုပ်နိုင်တယ်ဆိုရင်ကော? လူအများစုက ဒီလိုဖြစ်တာ ကောင်းတယ်လို့ထင်ကောင်းထင်နိုင်ပေမယ့် ဒီထဲက အဓိကဇာတ်ကောင် Han Jee-Han ကတော့ အဲ့လိုဖြစ်တာကို ကောင်းတယ်လို့ မထင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူကိုယ်တိုင်က လက်တွေ့ဘဝမှာ ဂိမ်း character လိုမျိုးဖြစ်နေခဲ့တာကိုး။

 ဂိမ်း character လိုမျိုးဖြစ်တယ်ဆိုတာကို အကြမ်းဖျင်းရှင်းရရင်တော့ သူ့ကိုတစ်ယောက်ယောက်က တစ်ခုခုခိုင်းလိုက်ရင် ဂိမ်းထဲက Quest ပုံစံလေးပေါ်လာတာ၊ စာလုပ်ရင် int တက်တာတို့၊ lvl တွေတက်သွားရင် သူ့ရဲ့ stats တွေကို တင်လို့ရတာ အစရှိသဖြင့်ပေါ့လေ။ ပထမကတော့ Jee-Han က သူ့အစွမ်းကို ထူးခြားတယ်လို့သာ သဘောထားပြီး အမှုမဲ့အမှတ်မဲ့ပဲနေခဲ့တာပေါ့။ ဒါပေမယ့် တစ်ရက်မှာတော့ သူဟာ အဲ့လိုထူးခြားတဲ့အစွမ်းရှိတဲ့လူတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တို့တိုက်ခိုက်မှုကြားထဲရောက်သွားပြီး အသက်ဘေးနဲ့ရင်ဆိုင်ခဲ့ပြီးနောက်မှာတော့ ဒီလိုမျိုးအစွမ်းတွေနဲ့ရှုပ်ထွေးပွေလီတဲ့လောကကြီးမှာရှင်သန်ဖို့ သူ့ကိုယ်သူ အစွမ်းထက်အောင် ကြိုးစားရမယ်ဆိုတာသိလိုက်ပါတယ်။


ဒီ manhua ဟာလည်း ကိုရီးယား web-portal Naver မှာ တင်ထားတဲ့ဟာပါ။ Naver က 2014 မှာ သူတို့ website ကို ကမ္ဘာအနှံ့အတွက်ပါဖွင့်လိုက်တဲ့အတွက် အခြားအခြားသော manhua တွေနည်းတူပဲ official English translation ထွက်လာခဲ့ပါတယ်။ 2015 ကစပြီး အခုအချိန်အထိ အကောင်းဆုံးသော manhua တွေထဲကတစ်ခုအဖြစ်ရပ်တည်နေခဲ့ပါတယ်။

Comments

Popular posts from this blog

Lookism