My Daoist Life



Huang Jing Yang ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ တောင်တက်ရင်းနဲ့ မမျှော်လင့်ပဲ သတ္တုတုံးလေးတစ်ခုတွေ့ခဲ့တယ်။ အဲ့သတ္တုတုံးဟာ သူ့ရဲ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တယ်။ အဲ့သတ္တုတုံးမှာ ထူးခြားတဲ့အစွမ်းတွေရှိနေပြီး အဲ့ကောင်လေးဟာ ထူးဆန်းသွားခဲ့တယ်။ သူ့ရဲ့ထူးခြားမှုကြောင့် သူ့မိဘတွေက သူ့ကိုစွန့်ပစ်ခဲ့တယ်။ သူ့ကို သူ့အဘိုးဖြစ်တဲ့သူကပဲ စောင့်ရှောက်ခဲ့ပြီး သူ့ရဲ့ဘဝအကြောင်းနဲ့ တာအိုလမ်းဘက်ကို တဖြည်းဖြည်းရောက်သွားတာကို ဖတ်ရမှာပါ။ ဇာတ်ကောင်တွေကလည်း စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းတယ်လို့ ခံစားရပါလိမ့်မယ်။ ဇာတ်အိမ်ကိုတော့ တရုတ်ပြည်မှာ အခြေခံထားပြီး အဖြစ်အပျက်တွေကို အကွက်ကျကျပြသွားနိုင်ပါတယ်။
ဇာတ်လမ်းတည်ဆောက်မှုက နှေးတယ်လို့ခံစားလို့ရနိုင်ပေမယ့်လည်း ဇာတ်အိမ်လေးကို တဖြည်းဖြည်းနဲ့တည်ဆောက်သွားတာကိုတွေ့ရမှာပါ။
တခြား Xianxia တွေနဲ့ မတူတာကတော့ ဒီဟာက ရိုးရှင်းတဲ့သာမန်ဘဝလေးကို ထူးဆန်းထွေလာ၊ စိတ်ကူးယဉ်ဟာတွေနဲ့ရောပြီး စိတ်ဝင်စားအောင်လုပ်သွားနိုင်တာပါပဲ။ စုစုပေါင်း အခန်းသုံးရာကျော်ရှိပြီး Eng translation ကတော့ လက်ရှိမှာ ၅၀ အထိရှိပါတယ်။
အမျိုးအစားကတော့ Fantasy, Martial Arts, Romance, Slice of Life, Supernatural, Xianxia စတာတွေပါဝင်ပါတယ်။

ကျွန်တော် အကုန်တော့ မဖတ်ရသေးပေမယ့် ဖတ်ပြီးသလောက်ကတော့ စိတ်ဝင်စားဖွယ်ကောင်းပြီး ဖတ်သင့်တဲ့ Xianxia ၊ slice of life ဝတ္ထုတစ်ပုဒ်ပါလို့ ဆိုပါရစေ။

Eng လိုကတော့ အဲ့မှာသွားဖတ်ပါ

http://www.novelupdates.com/series/my-daoist-life/

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)

Comments

Popular posts from this blog

Lookism